Apple သည် ၄င်း၏ iPhone များကို 16GB,32GB,64GB စသည်ဖြင့် Memory Storage Model သုံးမျိုးဖြင့်ရောင်းချလေ့ရှိသည်။ ယခုအခါ iPhone နှင့်ပတ်သက်သော လျှို့ဝှက်သတင်းများကိုဖော်ပြလေ့ရှိပြီး Mobile Repairing Company တစ်ခုဖြစ်သည့် GeekBar မှ iPhone 6 ၏ Schematic Diagram တစ်ခုကိုပြသခဲ့ပြီး iPhone 6 အား 128 GB Storage ဖြင့်ပါထုတ်လုပ်သွားဖွယ်ရှိကြောင်း ပြောဆိုထားသည်ကိုတွေ့ရသည်။ ယခု Leak အနေနှင့်ထွက်ရှိလာသော Schematic Diagram အရ iPhone 6 အား 16GB,64GB,128GB သုံးမျိုးသာမိတ်ဆက်ပြသဖွယ်ရှိပြီး 32 GB Model ကိုမိတ်ဆက်ပြသဖွယ်မရှိကြောင်းလည်း ပြောဆိုထားသည်ကိုတွေ့ရသည်။ လတ်တလောတွင် Apple အနေဖြင့် iPhone 6 ဈေးနှုန်းအား ဒေါ်လာ ၁၀၀ ခန့်တိုးမြှင့်ရန် စီစဉ်နေကြောင်းလည်း သိရပြီး ယင်းဈေးနှုန်းမှာ 5.5 လက်မအရွယ်ရှိ iPhone 6 Model အတွက်သာ ဖြစ်နိုင်ဖွယ်ရှိကြောင်းကိုလည်း သိရသည်။
Comments
Post a Comment